News & Update
မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ နည်းပညာတက္ကသိုလ်(သန်လျင်) ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနား
( ၁၂.၈.၂၀၂၆ ) ရက်နေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ နည်းပညာတက္ကသိုလ်(သန်လျင်)ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၏ လုပ်ငန်းစဉ်များ နှင့် အခွင့်အလမ်းများကို ဟောပြောခဲ့ပါသည်။
နည်းပညာတက္ကသိုလ်( သန်လျင်) “ဒေါက်တာအောင်ကျော်မြတ်ပညာသင်ဆုပေးပွဲ” အခမ်းအနား
၁၁.၈.၂၀၂၆ ရက်နေ့ တွင် နည်းပညာတက္ကသိုလ်( သန်လျင်)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) သီရိပျံချီဘွဲ့ နှင့် ဝဏ္ဏ ကျော်ထင်ဘွဲ့ရ ဆရာကြီး ဒေါက်တာအောင်ကျော်မြတ်က “ဒေါက်တာအောင်ကျော်မြတ်ပညာသင်ဆုပေးပွဲ” အခမ်းအနား သို တက်ရောက်၍ ပထမနှစ်မှ ပဥ္စမနှစ်အထိ ပညာသင်ဆုရကျောင်းသား၊ကျောင်းသူ ( ၁၄) ဦးအား ပညာသင်ဆုများပေးအပ်ချီးမြင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူ များတက်ရောက်ခဲ့ကြပါသည်။…
နည်းပညာတက္ကသိုလ် (သန်လျင်)၏ သွေးလှူဒါန်းပွဲ အခမ်းအနား
နည်းပညာတက္ကသိုလ်(သန်လျင်)၊ ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်ကျင်းပသော ” သွေးလှူဒါန်းပွဲ” အခမ်းအနားအား( ၄.၈.၂၀၂၆) ရက်နေ့၊ နနက် ၉ နာရီတွင် ဘွဲ့နှင်းသဘင်အခမ်းအနား၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီအသင်းဥက္ကဌ၊ အတွင်းရေးမှူးနှင့်ခရိုင်ကြက်ခြေနီ အသင်းတို့မှ တာဝန်ရှိသူများ၊ သွေးလှူဘဏ်မှ တာဝန်ရှိသူများ၊ သွေးလှူဒါန်းကြသောကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြပါသည်။
နည်းပညာတက္ကသိုလ်(သန်လျင်) ၊ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(သန်လျင်) သို့ ၃၁-၇- ၂၀၂၆ ရက်နေ့တွင် ” မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ” အား လာရောက်ဟောပြောခဲ့ပါသည်။
နည်းပညာတက္ကသိုလ်(သန်လျင်) ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘော်လီဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲအခမ်းအနား
နည်းပညာတက္ကသိုလ်(သန်လျင်) ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘော်လီဘောပြိုင်ပွဲ၊ ဗိုလ်လုပွဲအခမ်းအနား အား ၃၁-၇-၂၀၂၆ ရက်နေ့ တွင်ကျင်းပခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊နည်းပညာတက္ကသိုလ်(သန်လျင်)၏ ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ
၂၀၂၆ ခုနှစ်၊နည်းပညာတက္ကသိုလ်(သန်လျင်)၏ ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ( ၂၇.၇.၂၀၂၆ ) နံနက် ၉:၃၀နာရီတွင် နည်းပညာတက္ကသိုလ်(သန်လျင်)၏ အားကစားခန်းမ၌ ကျင်းပခဲ့ပါသည်။
နည်းပညာတက္ကသိုလ် (သန်လျင်)၏ (၂၃) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူုဒါန်းပွဲ အခမ်းအနား
နည်းပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမ၊ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ကျောင်းသူများ၏ (၂၃) ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူုဒါန်းပွဲ အခမ်းအနား ကို ၂၄.၇.၂၀၂၆ နံနက် (၉း၀၀)နာရီတွင် နည်းပညာတက္ကသိုလ်(သန်လျင်)၊ ဘွဲ့နှင်းသဘင်ခန်းမ ၌ ကျင်းပခဲ့ပါသည်။
၂၀၂၆ ခုနှစ်၊နည်းပညာတက္ကသိုလ်(သန်လျင်)၏ မိုးရာသီ ဘာသာရပ်ပေါင်းစုံ ချစ်ကြည်ရေး(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ
၂၀၂၆ ခုနှစ်၊နည်းပညာတက္ကသိုလ်(သန်လျင်)၏ မိုးရာသီ ဘာသာရပ်ပေါင်းစုံ ချစ်ကြည်ရေး(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲအခမ်းအနားကို ( ၂၀.၇.၂၀၂၆ ) နံနက် ၉:၃၀နာရီတွင် နည်းပညာတက္ကသိုလ်(သန်လျင်) ၏ဘောလုံးကွင်း၌ ကျင်းပခဲ့ပါသည်။
နည်းပညာတက္ကသိုလ် (သန်လျင်)၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်
၂၀၂၆ ခုနှစ်၊နည်းပညာတက္ကသိုလ်(သန်လျင်)၏ မိုးရာသီ သစ်ပင်စိုက်ပွဲ အခမ်းအနားကို (၁၇.၇.၂၀၂၆)ရက် နေ့လည်၁:၀၀နာရီတွင် Central Workshop ရှေ့၌ ကျင်းပခဲ့ပါသည်။
