loader image

News & Update

ကြက်ခြေနီ သင်တန်း ကျင်းပခြင်း

နည်းပညာတက္ကသိုလ် (သန်လျင်) နှင့် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်ခရိုင်၊ ကြက်ခြေနီ အသင်း တို့ ပူးပေါင်း ၍ ၁/၂၀၂၆အခြေခံကြက်ခြေနီသင်တန်းကို (၉.၂.၂၀၂၆) မှ (၁၁.၂.၂၀၂၆) ထိ ၃ရက်တိုင် ဖွင့်လှစ်ပြီး ဆရာ/ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား/သူများ အား အခြေခံ ရှေးဦး သူနာပြုစုနည်း ပညာရပ်များအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပါသည်။

နှစ်(၄၀)ပြည့် ပတ္တမြားရတု အခမ်းအနားကျင်းပခြင်း

နည်းပညာတက္ကသိုလ် (သန်လျင်) ၏ နှစ် (၄၀)ပြည့် ပတ္တမြားရတု အထိမ်းအမှတ် အခမ်းအနားနှင့်အတူ Project Show Competition 2026 ကို ၂၈.၁.၂၀၂၆ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (သန်လျင်) ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

(၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခြင်း

နည်းပညာတက္ကသိုလ် (သန်လျင်) ၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၈.၁.၂၀၂၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းဘဘင် ခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။  

(2025-2026) Academic Year Entrant List

၂၀၂၅ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ပြီး နည်းပညာတက္ကသိုလ် (သန်လျင်) ၏ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ကျောင်းသူများစာရင်း 2025-TU(Thanlyin)Entrant List

(၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် အောင်စာရင်း ထုတ်ပြန်ကြေငြာခြင်း

နည်းပညာတက္ကသိုလ် (သန်လျင်) ၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပပြီးစီးခဲ့သော B.E  အင်ဂျင်နီယာ/ဗိသုကာ သင်တန်းအသီးသီးမှ ဖြေဆိုအောင်မြင်သည့် ကျောင်းသား/သူများ စာရင်းအား ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကြေငြာလိုက်သည်။ First Year Semester II Exam Result (First Year)  First…

မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများအတွက် သင်တန်းသားခေါ်ယူခြင်း

နည်းပညာတက္ကသိုလ် (သန်လျင်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာအင်ဂျင်နီယာဘွဲ့သင်တန်းများအတွက် သင်တန်းသားများ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။

Artificial Intelligence (AI) Knowledge Sharing Seminar

AI  နည်းပညာနှင့်ပတ်သတ်၍  အသိပညာမျှဝေခြင်းအစီအစဉ် (knowledge sharing) ကို  2025 ခုနှစ်၊ ဩဂုတ်လ (၁၉) ရက်နေ့တွင် နည်းပညာတက္ကသိုလ်(သန်လျင်) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပါသည့်  အခမ်းအနားသို့  နည်းပညာတက္ကသိုလ်(သန်လျင်)၏  ပါမောက္ခချုပ်၊ ဌာနကြီးမှူး များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များ ကျောင်းသား/သူများ စုစုပေါင်း(၃၅၀)ဦးခန့်  တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း…

ဓာတုအင်ဂျင်နီယာ ပေါင်းကူးဘွဲ့ကြို သင်တန်းအတွက် သင်တန်းသား ခေါ်ယူခြင်း

နည်းပညာတက္ကသိုလ်(သန်လျင်)၌ (၂၀၂၅-၂၀၂၆) ပညာသင်နှစ် တွင် ဓာတုအင်ဂျင်နီယာ ပေါင်းကူးဘွဲ့ကြို သင်တန်း ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသဖြင့် အောက်ပါ သတ်မှတ်ချက် ကိုက်ညီသူများ လျှောက်ထားနိုင်ကြောင်း နှင့် ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ကျင်းပမည့် အချိန်ကို သိရှိနိုင်ရန် အသိပေး ကြေငြာအပ်ပါသည်။