နည်းပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမ၊ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ကျောင်းသူများ၏ (၂၃) ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူုဒါန်းပွဲ အခမ်းအနား ကို ၂၄.၇.၂၀၂၆ နံနက် (၉း၀၀)နာရီတွင် နည်းပညာတက္ကသိုလ်(သန်လျင်)၊ ဘွဲ့နှင်းသဘင်ခန်းမ ၌ ကျင်းပခဲ့ပါသည်။













