၁၁.၈.၂၀၂၆ ရက်နေ့ တွင် နည်းပညာတက္ကသိုလ်( သန်လျင်)၊ ဘွဲ့နှင်းသဘင်ခန်းမ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(ငြိမ်း) သီရိပျံချီဘွဲ့ နှင့် ဝဏ္ဏ ကျော်ထင်ဘွဲ့ရ ဆရာကြီး ဒေါက်တာအောင်ကျော်မြတ်က “ဒေါက်တာအောင်ကျော်မြတ်ပညာသင်ဆုပေးပွဲ” အခမ်းအနား သို တက်ရောက်၍ ပထမနှစ်မှ ပဥ္စမနှစ်အထိ ပညာသင်ဆုရကျောင်းသား၊ကျောင်းသူ ( ၁၄) ဦးအား ပညာသင်ဆုများပေးအပ်ချီးမြင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူ များတက်ရောက်ခဲ့ကြပါသည်။











